မြတ်စွာဗုဒ္ဓ၊ သမဏ၏
လောကအတွင်း၊ ထွန်းပေါ်ခြင်းကား၊
ဝဋ်တွင်းလည်ပတ်၊ ချားရဟတ်ဝယ်၊
တွယ်ကပ်နေကြ၊ များသတ္တကို
ကယ်မထုတ်ဆောင်၊ ငါးဘောင်ခတ်ရံ
ပြည်နိဗ္ဗာန်သို့၊ အမှန်မကွာ၊ ပို့ဖို့သာတည်း။
ရံကာ ငါးရပ်၊ ခေါ်ဆိုအပ်ရာ၊ ထိုအရာကား
ကံသာမူ၊ အရင်းစ၍
နှစ်ဝရုပ်နာမ်၊ ဝေဘန်ပိုင်းဖြတ်
ကြောင်းကျိုးတတ်သိ၊ ခွဲခြမ်းဘိလျက်
ဆယ်ချက်ဉာဏ်ဖြင်၊ မဂ်ဖိုလ်ဝင်လာ
သမ္မာအမြင်၊ တံတိုင်းပင်တည်း။
တံတိုင်းငါးထပ်၊ ကာရံပတ်သည့်
အမြတ်နိဗ္ဗာန်၊ ရောက်ကြောင်းမှန်မှာ
သုံးတန်သိက္ခာ၊ ကျင့်ဓမ္မာတည်း။
ဓမ္မာသုံးတန်၊ အကျင့်မှန်ကို
ပုံမှန်အားထုတ်၊ လွန်ကြိုးကုတ်သော်
လောကုတ်သုခ၊ မရကလည်း
သောကနှောင်ဗွေ၊ ပရိဒေဟု
ခေါ်လေငိုကြွေး၊ ဆင်းရဲဘေးမှ
ထွက်ရေးလွတ်မြောက်၊ ချမ်းသာရောက်လျက်၊
မျက်မှောက်ဘ၀၊ နှစ်ကိုယ်စိတ်
လျှံဖိတ်သုခ၊ အ၀၀ကို
မုချမှန်စွာ၊ ရမည်သာသည်
သိက္ခာကျင့်သုံး အကျိုးတည်း။
Saturday, 2 April 2011
Friday, 15 January 2010
သုဿာန် စည်ခြင်းအကြောင်းရင်း
အစွန်းနှစ်ခု၊ လက်ကိုင်ပြုသော်၊ ပွားမှုခန္ဓာ၊ သုသာန်မှာလျှင်၊ မသာကောင်ပုတ်၊ တိုးကားမြှုပ်ရ။ အရှုပ်မှန်စွာ၊ ထိုခန္ဓာကို၊ စွဲလာသမုတ်၊ ဒိဋ္ဌိပြုတ်သော်၊ အပုတ်မြှုပ်ရာ၊ သုသာန်မှာကား၊ ခြောက်ကာ ခန်းကာ၊ နေတော့မည်။
''အပ်ချုပ်သမား သတိထား"
အစွန်းနှစ်ဖြာ၊ ချုပ်စပ်ရာကို၊ တတ်သိလိမ္မာ၊ ဖယ်ရှောင်ခွါပြီး၊ လယ်မှာ မထိ၊ မကပ်ငြိက၊ မဟာပုရိ၊ မြတ်ဘိ ယောက်ျား၊ ထိုလူသားသည်၊ ချုပ်ထားအပ်ရာ၊ ထိုအရာကို၊ မကွာယခု၊ ဖယ်ရှောင်ပြုသည်၊ ငြိမ်းမှုငြိမ်းရာတည်း။
အစွန်နှစ်ဖြာ၊ ဟူသည်မှာ၊ ယခုဘ၀နှင့် နောက်ဘ၀ပါ။
အပ်ချုပ်သမား၊ ဟူသည်ကား၊ လိုလားတပ်မှု၊ ရာဂစုတည်း။
အစွန်နှစ်ဖြာ၊ ဟူသည်မှာ၊ ယခုဘ၀နှင့် နောက်ဘ၀ပါ။
အပ်ချုပ်သမား၊ ဟူသည်ကား၊ လိုလားတပ်မှု၊ ရာဂစုတည်း။
Sunday, 10 February 2008
တရားခံအစစ်
ချစ်ခင် မြတ်နိုးတွယ်တာမှုကြောင့်
စိုးရိမ် ကြောင့်ကြခြင်း ဖြစ်ရ၏။
ချစ်ခင် မြတ်နိုးတွယ်တာမှုကြောင့်
ကြောက်လန့်ခြင်း ဖြစ်ရ၏။
ချစ်ခင် မြတ်နိုးတွယ်တာမှုကင်းသောသူမှာ
စိုးရိမ် ကြောင့်ကြခြင်း မရှိ။
ကြောက်လန့်ခြင်း အဘယ်မှာ ရှိတော့မည်နည်း။
စိုးရိမ် ကြောင့်ကြခြင်း ဖြစ်ရ၏။
ချစ်ခင် မြတ်နိုးတွယ်တာမှုကြောင့်
ကြောက်လန့်ခြင်း ဖြစ်ရ၏။
ချစ်ခင် မြတ်နိုးတွယ်တာမှုကင်းသောသူမှာ
စိုးရိမ် ကြောင့်ကြခြင်း မရှိ။
ကြောက်လန့်ခြင်း အဘယ်မှာ ရှိတော့မည်နည်း။
Wednesday, 15 August 2007
အတ္တာနမေ၀ ပဌမံ
အများအကျိုးအတွက် ဆောင်ရွက်ခြင်းသည် ကောင်းသောအလုပ်တစ်ခု ဖြစ်ပေသည်။ အများအကျိုး ဆောင်ရွက်ခြင်းဖြင့် မိမိဘ၀ကို မြှုပ်နှံထားသော သူသည် မြင့်မြတ်သောသူ ဖြစ်သည်။ သို့သော် ထိုသို့ ဆောင်ရွက်နိုင်ရန်အတွက် မိမိ၏ အရည်အချင်းကို ဦးစွာ ပြည့်စုံစေရန် ကျိုးစားရမည်သာ ဖြစ်သည်။
Monday, 23 July 2007
မင်္ဂလာဟူသည်
မင်္ဂလာဟူသည် ကျက်သရေအပေါင်းနှင့် ပြည့်စုံခြင်းဟု အကျဉ်းအားဖြင့် ဆိုသည်။ မကောင်းသော အကုသိုလ်တရားတို့ကို ပယ်ဖျက် နှိမ်နင်းခြင်းသည် မင်္ဂလာဖြစ်သည်။ မိမိကိုယ်တိုင်နှင့် ပတ်ဝန်းကျင်တွင် မကောင်းသောအရာတို့မရှိခြင်း၊ ကောင်းသောအရာတို့နှင့် ပြည့်စုံနေခြင်းသည် မင်္ဂလာရှိခြင်းဖြစ်သည်။ မင်္ဂလာရှိဘို့အတွက် မိမိကိုယ်တိုင်သာ လုပ်ယူရမည်ဖြစ်သည်။ မင်္ဂလာရှိခြင်းကို တစ်းပါးသူ ဖန်တီးလို့မရပေ။ ကိုယ်တိုင်က ကောင်းသောလုပ်ကိုလုပ်ခြင်း၊ ကောင်းစွာပြောဆိုခြင်းနှင့် ကောင်းသောအကြံအစီတို့ကို ကြံစီခြင်းရှိမှသာ မင်္ဂလာ ရှိမည်ဖြစ်သည်။ ထို့သို့ မင်္ဂလာရှိဘို့အတွက် ဘုရားရှင်ဟောကြားတော်မူသော ၃၈-ဖြာမင်္ဂလာတရားတော်များကို လိုက်နာပြုကျင့် ပြောဆိုကြံစီရမည်သာ ဖြစ်ပေသည်။
Subscribe to:
Posts (Atom)