ချစ်ခင် မြတ်နိုးတွယ်တာမှုကြောင့်
စိုးရိမ် ကြောင့်ကြခြင်း ဖြစ်ရ၏။
ချစ်ခင် မြတ်နိုးတွယ်တာမှုကြောင့်
ကြောက်လန့်ခြင်း ဖြစ်ရ၏။
ချစ်ခင် မြတ်နိုးတွယ်တာမှုကင်းသောသူမှာ
စိုးရိမ် ကြောင့်ကြခြင်း မရှိ။
ကြောက်လန့်ခြင်း အဘယ်မှာ ရှိတော့မည်နည်း။
Sunday, 10 February 2008
From affection springs grief,
from affection springs fear.
From him who is wholly free
from affection
there is no grief,
whence then fear?
from affection springs fear.
From him who is wholly free
from affection
there is no grief,
whence then fear?
Wednesday, 15 August 2007
အတ္တာနမေ၀ ပဌမံ
အများအကျိုးအတွက် ဆောင်ရွက်ခြင်းသည် ကောင်းသောအလုပ်တစ်ခု ဖြစ်ပေသည်။ အများအကျိုး ဆောင်ရွက်ခြင်းဖြင့် မိမိဘ၀ကို မြှုပ်နှံထားသော သူသည် မြင့်မြတ်သောသူ ဖြစ်သည်။ သို့သော် ထိုသို့ ဆောင်ရွက်နိုင်ရန်အတွက် မိမိ၏ အရည်အချင်းကို ဦးစွာ ပြည့်စုံစေရန် ကျိုးစားရမည်သာ ဖြစ်သည်။
Monday, 23 July 2007
မင်္ဂလာဟူသည်
မင်္ဂလာဟူသည် ကျက်သရေအပေါင်းနှင့် ပြည့်စုံခြင်းဟု အကျဉ်းအားဖြင့် ဆိုသည်။ မကောင်းသော အကုသိုလ်တရားတို့ကို ပယ်ဖျက် နှိမ်နင်းခြင်းသည် မင်္ဂလာဖြစ်သည်။ မိမိကိုယ်တိုင်နှင့် ပတ်ဝန်းကျင်တွင် မကောင်းသောအရာတို့မရှိခြင်း၊ ကောင်းသောအရာတို့နှင့် ပြည့်စုံနေခြင်းသည် မင်္ဂလာရှိခြင်းဖြစ်သည်။ မင်္ဂလာရှိဘို့အတွက် မိမိကိုယ်တိုင်သာ လုပ်ယူရမည်ဖြစ်သည်။ မင်္ဂလာရှိခြင်းကို တစ်းပါးသူ ဖန်တီးလို့မရပေ။ ကိုယ်တိုင်က ကောင်းသောလုပ်ကိုလုပ်ခြင်း၊ ကောင်းစွာပြောဆိုခြင်းနှင့် ကောင်းသောအကြံအစီတို့ကို ကြံစီခြင်းရှိမှသာ မင်္ဂလာ ရှိမည်ဖြစ်သည်။ ထို့သို့ မင်္ဂလာရှိဘို့အတွက် ဘုရားရှင်ဟောကြားတော်မူသော ၃၈-ဖြာမင်္ဂလာတရားတော်များကို လိုက်နာပြုကျင့် ပြောဆိုကြံစီရမည်သာ ဖြစ်ပေသည်။
Subscribe to:
Posts (Atom)